ရွာတစ်ရွာတွင် သာလှနှင့်ဖိုးထောင်တို့စကားများရာ ဖိုးထောင်ကခေါင်းကိုထိုးခံပြီး " ဟေ့ သာလှ ရိုက်စမ်းပါ ရိုက်ရဲရင် ရိုက်စမ်းပါ "
သာလှသည် ဒေါသနှင့် ရိုက်ထည့်လိုက်သည် ။
ထို့နောက် ကျေရာကျေကြောင်း တောင်းပန် ဆေးကုသပေးရင် ၊ သာလှကျွဲတစ်ကောင် ပြုတ်သွားသည် ။
တစ်နှစ်အကြာတွင်သူတို့နှစ်ယောက် ရန်ဖြစ်ကြပြန်ရာ စိတ်မြန်သော သာလှက တုတ်ဆွဲပြန်၍ဖိုးထောင်က " ရိုက်ရဲရင် ရိုက်စမ်းပါ "သာလှတုတ်ကိုလွှတ်ချပြီးပြောလိုက်သည်မှာ " ရိုက်တော့ရိုက်ချင်တာပေါ့ကွာ.....ဟွန်း...တစ်ကောင်တည်းကျန်တော့လို့ "
မရွံလို့
အစဉ်အမြဲ အလုပ်ရှုပ်နေသော မိခင်မုဆိုးမကြီးတွင် သားနှစ်ယောက်ရှိသည် ။ သားနှစ်ယောက်မှာ အလွန်ဆော့ အလွန်ကဲသည် ။
တစ်နေ့တွင် မိခင်ဖြစ်သူ အလုပ်ရှုပ်နေစဉ် " အမေရေ ဒီမှာ ညီလေး ရွှံ့ဗွက်ထဲက ဆီးသီးတွေကောက်စားနေတယ် "
မိခင်မှာ အလုပ်ရှုပ်နေသဖြင့် " ဟဲ့ သူမရွံလို့ စားတာပဲ စားပါစေ "
ဤတွင် သားကြီးက ညီဖြစ်သူကိုပြောလိုက်သည်မှာကား " ဟေ့ကောင် ငါ့နည်းနည်းပေးပါဦး "
သား
မြို့တစ်မြို့တွင်အလွန်စိတ်ကြီးသော ကိုသာထက်ဆိုသူရှိသည် ။ သူ့တွင်သားတစ်ဦးရှိသည် ။တစ်နေ့တွင် ကိုသာထက်၏ဖခင်က မြေးဖြစ်သူကိုရိုက်သည်။
ကိုသာထက်အဖေက " မင်းသားက လူကြီးကို မထီလေးစားလုပ်လို့ ရိုက်တာ "
ဒါပေမဲ့ကိုသာထက်ကသားကိုထိတော့ မခံနိုင်ဖြစ်ပြီး တုတ်တစ်ချောင်းယူကာ သူ့ကိုယ်သူရိုက်သည်။သူ့အဖေက " ဟဲ့သား ဘာလို့ ကိုယ့်ကိုယ်ကိုယ် ရိုက်နေတာလဲ ၊ ရူးနေလား "
သူ့အဖေမေးသောအခါ ကိုသာထက်ဖြေလိုက်သည်မှာကား " အဖေ ကျွန်တော့သားကိုရိုက်တော့ ၊ အဖေ့သားကို ကျွန်တော်ပြန်ရိုက်တာပေါ့ "
တရားရုံး
တစ်ခါက တရားသူကြီးတစ်ယောက် လူဆိုး တရားခံ တစ်ယောက် အားအမှုစစ်လေသည်။
တရားသူကြီး။ ။ "တရားရုံး ကိုဘယ်နှစ်ကြိမ် ရောက်ဖူးလဲ"
တရားခံ ။ ။ " မတရားတဲ့ ရုံးကို အကြိမ်ရေ ၁၀၀ မကရောက်ဖူးပါတယ် ၊
တရားတဲ့ ရုံးကို ဒီတစ်ခါပဲ
ရောက်ဖူးပါတယ်"
တရားသူကြီး။ ။ " လွတ်စေ"
ဒီကောင်လူမဟုတ်ဘူး
အသက်ရွယ်ကြီးရင့် ကာ လင်မယားကတောက်ကဆ ရန်ဖြစ်နေကြစဉ် လင်ဖြစ်သူ
အဖိုးကြီးက မယားဖြစ်သူ အဘွားကြီးအား ရိုက်နှိက်နေလေသည်။
ထိုစဉ် သမီးဖြစ်သူ ငိုယိုပြီး ဖခင်ဖြစ်သူအားတိုင်လေသည် " အဖေ သမီးကို
သမီးယောက်င်္ကျားရိုက်တယ်"
ဖခင်။ ။ "# # ^ ^ % % သား ဒီကောင် သူများသားသမီးကိုလည်းယူုသေးတယ်
ရိုက်လည်းရိုက်တယ် ဒီကောင်လူမဟုတ်ဘူး"
No comments:
Post a Comment