ချစ်သူများ၏ ပြောင်းလဲတတ်သောစိတ် (အိမ်ထောင်ပြုမည့်သူများ မဖတ်ရ)
၁. ချစ်သူဘ၀ - အလကားနေရင်း မျက်လုံးခြင်းဆုံ၏။
အိမ်ထောင်သည်ဘ၀ - အကြည့်ချင်းဆုံလျှင် အလကားဖြစ်၏။
၂. ချစ်သူဘ၀ - အလကားနေရင်း ချစ်သူကို တမ်းတ၏။
အိမ်ထောင်သည်ဘ၀ - ချစ်သူကို တမ်းတသော်လည်း အလကားဖြစ်၏။
၃. ချစ်သူဘ၀ - ကလေးဘယ်နှစ်ယောက်ယူလိုက်မည်ဟု စိတ်ကူး၏။
အိမ်ထောင်သည်ဘ၀ - စိတ်ကူးထားသည့်အတိုင်း ကလေးမယူဖြစ်ခဲ့ရင် ကောင်းသားဟုတွေး၏။
၎. ချစ်သူဘ၀ - ကိုယ်ပိုင်ဆိုင်သမျှ သူ့အားပေးလို၏။
အိမ်ထောင်သည်ဘ၀ - ကိုယ်ပိုင်ဆိုင်သမျှ ဘဏ်တွင် တိတ်တိတ်လေးထားလို၏။
၅. ချစ်သူဘ၀ - မွှန်ထူဒေါသထွက်နေသော်လည်း ကိစ္စမရှိဟုဆို၏။
အိမ်ထောင်သည်ဘ၀ - ကိစ္စရှိမှ မွှန်၏။
၆. ချစ်သူဘ၀ - တစ်ယောက်နှင့်တစ်ယောက် ဖုန်းပြောပါက တိုးတိုးလေးပြော၏။
အိမ်ထောင်သည်ဘ၀ - ဖုန်းထဲမှာ အော်လိုက်ရသည်ကိုပင် အားမရ။
၇. ချစ်သူဘ၀ - ချစ်သူ့  အကြောင်း ကဗျာရေးဖွဲ့၏။
အိမ်ထောင်သည်ဘ၀ - ကဗျားရေးသူ ငဆနူ။
၈. ချစ်သူဘ၀ - သူငိုလျှင် ကိုယ်လိုက်ငို၏။
အိမ်ထောင်သည်ဘ၀ - သူငိုလျှင် ဘောလုံးပွဲရှုံးတာလောက် မခံစားရ။
၉. ချစ်သူဘ၀ - သူ့ မွေးနေ့ ကို အလွတ်ရ၏။
အိမ်ထောင်သည်ဘ၀ - ကိုယ့်မွေးနေ့ ပိုပင် အလွှတ်မရ။
၁၀. ချစ်သူဘ၀ - လူတောထဲတွင် လက်ချင်းချိတ်၍ သွားလေ့ရှိ၏။
အိမ်ထောင်သည်ဘ၀ - လူတောထဲတွင် မျက်စောင်းချင်း ချိတ်၍ သွားလေ့ရှိသည်။
၁၁. ချစ်သူဘ၀ - အစာစားလျှင် ခွံ့ ကျွေးမှ ကြိုက်၏။
အိမ်ထောင်သည်ဘ၀ - အစာစားလျှင် ဇွန်းကိုင်လိုက်မှာ ကြောက်၏။
၁၂. ချစ်သူဘ၀ - အချစ်သီချင်းများသာ နားထောင်၏။
အိမ်ထောင်သည်ဘ၀ - ကက်ဆက်အကြောင်းသာပြော၏၊
၁၃. ချစ်သူဘ၀ - ချစ်သူအကြောင်းသာပြော၏ဒ။
အိမ်ထောင်သည်ဘ၀ - သံသရာမှ လွှတ်မြောက်ရာ အကြောင်းသာပြော၏။
၁၄. ချစ်သူဘ၀ - ချစ်သူလုပ်သမျှစိတ်ဝင်စား၏။
အိမ်ထောင်သည်ဘ၀ - လူပေါင်းမှားခဲ့သည့်အတွက် ရင်ထုမနာဖြစ်၏။
၁၅. ချစ်သူဘ၀ - ရှေ့  ဖြတ်ပျံသွားတာ မြင်လိုက်တဲ့ ငှက်လေးက အချစ်ငှက်။
အိမ်ထောင်သည်ဘသ - ရှေ့  ဖြတ်ပျံသွားတာ မြင်လိုက်တဲ့ ငှက်လေးက (......)ငှက်။
No comments:
Post a Comment